Google က GWT 1.5 ကို ဖြန့်မည်

Google GWT

ဆော့ဖ်ဝဲရေးသားသူတွေနဲ့ ပြုလုပ်မယ့် ကွန်ဖရင့်မှာ Google ဟာ Google Web Toolkit ရဲ့ နောက်ဆုံး version ကို ထုတ်ပြမယ်လို့ မျှော်လင့်ရပါတယ်

Google ဟာ ဒုတိယအကြိမ်မြောက် ဆော့ဖ်ဝဲရေးသားသူ ကွန်ဖရင့်ကြီးကို မေလ ၂၈ နဲ့ ၂၉ မှာ ကျင်းပပြီး Google ပလက်ဖောင်းနဲ့ သက်ဆိုင်တဲ့ နည်းပညာသစ်တွေ၊ ၀န်ဆောင်မှုသစ်တွေနဲ့ ရေးသားသူတွေအတွက် အကြံပေးချက်တွေကို ကြေညာသွားပါလိမ့်မယ်။

Google I/O လို့ လူသိများပြီး ဆန်ဖရန်စစ္စကိုမှာလုပ်မယ့် ဒီပွဲမှာ မြင်တွေ့ရမယ့် နည်းပညာတစ်ခုကတော့ GWT version အသစ်တစ်ခုဖြစ်ကြောင်း ပြောစကားတွေအရ သိရပါတယ်။ GWT 1.5 ကို ရရှိနိုင်ကြောင်း Google က ကြေညာပါလိမ့်မယ်။

Google Web Toolkit ကို သုံးပြီး Java သမားတွေဟာ AJAX (Asynchronous JavaScript and XML) ဆော့ဖ်ဝဲတွေကို Java ဘာသာစကားနဲ့ အလွယ်တကူ ရေးသားနိုင်ပါတယ်။

“GUI ကို Java နဲ့ ရေးလိုက်ရင် GWT ဟာ source code ကို အင်မတန်ကျစ်လျစ်တဲ့ JavaScript code အဖြစ် compile လုပ်ပေးတယ်” လို့ Google ရဲ့ website မှာ ရေးထားတာ တွေ့ရတယ်။ “ဒီကနေ့မှာ web application တွေကို ရေးသားရတာဟာ အင်မတန် ပျင်းစရာကောင်းပြီး အမှားများတဲ့ အလုပ်ပါ။ အလုပ်လုပ်တဲ့ အချိန်ရဲ့ ၉၀ ရာခိုင်နှုန်းကို browser ကွာဟချက်တွေ လိုက်ညှိရင်း ကုန်ဆုံးရတယ်။ JavaScript ကို အပိုင်းတွေပိုင်းပြီး ရေးလို့မရတာကြောင့်လည်း AJAX အစိတ်အပိုင်းတွေကို မျှသုံးလို့၊ စမ်းသပ်လို့နဲ့ ပြန်သုံးလို့ မရစေဘူး။ အမှန်မှာတော့ ဒီလိုဖြစ်စရာ မလိုပါဘူး။”

GWT 1.5 ကို ကြေညာမယ့် အကြောင်းကို ထည့်ပြောမသွားပေမယ့် GWT ရဲ့ နည်းပညာပိုင်းကို ဦးဆောင်နေသူ Bruce Johnson က ပြောတာကတော့ Google အနေနဲ့ ပြုလုပ်နိုင်ခဲ့တဲ့ တိုးတက်မှုတစ်ခုဟာ (generics နဲ့ annotation တွေ အပါအ၀င်) “Java 5 စနစ်ကို အပြည့်အ၀ ထောက်ပံ့နိုင်တာပါပဲ။”

အကြီးအကျယ်တိုးတက်လာတဲ့ ကိစ္စရပ်နောက်တစ်ခုကတော့ အမြန်နှုန်းပါပဲ။ “GWT 1.5 မှာ compiler ကနေ အလျင်မြန်ဆုံး code တွေကို ထုတ်ပေးနိုင်အောင် လုပ်ပေးထားတယ်” လို့ Johnson က ဆိုပါတယ်။ သူက ထပ်ပြောတယ် “အမြန်နှုန်းက အရေးကြီးပါတယ်။ GWT ရှိရင် လှပတဲ့ Java code ကို အခြေခံပြီး လက်နဲ့ရေးတဲ့ JavaScript code ထက် ပိုပြီးမြန်ဆန်တဲ့ JavaScript အဖြစ် compile လုပ်နိုင်တယ်။”

ဒါ့အပြင် ဒီကနေ့မှာ အရေးပါတဲ့ ဘယ် application မဆိုကို browser အတွက် ရည်ရွယ်ပြီး ရေးသားလာတယ်လို့ Johnson က ပြောပါတယ်။ “AJAX ပေါ်လာတာနဲ့အတူ “browser ထဲမှာ ပိုမိုလုပ်ကိုင်နိုင်စွမ်းကို အလေးထားလာတယ်။ ဒါပေမယ့် JavaScript မှာ browser တွေရဲ့ ကွာခြားချက်တွေရှိနေတော့ ဒီအလုပ်ဟာ မိုင်းရှောင်ရသလိုပဲ”လို့ Johnson က ရှင်းပြတယ်။

ဒီကွာခြားချက်တွေကို လိုက်ဖြေရှင်းရတာဟာ အချိန်ကို အကျိုးရှိရှိ အသုံးချတာ မဟုတ်ဘူးလို့ သူကပြောတယ်။ “ဒီတော့ အထောက်အကူ ကိရိယာတစ်ခုကို တီထွင်ဖို့ လိုအပ်မှန်း သိလာတယ်။ GWT ဟာ ရှိပြီးသား အထောက်အကူတွေပေါ်မှာ အခြေတည်ထားတယ်။”

Google က GWT အတွက် API တွေကိုလည်း ထည့်ပေးထားသေးတယ်။ ဒီအထဲမှာ Google ရဲ့ online/offline browser plugin ဖြစ်တဲ့ Gears အတွက် API တွေလည်းပါတယ်။ “ခင်ဗျားရဲ့ အွန်လိုင်းဆော့ဖ်ဝဲတွေကို Gears နဲ့ တွဲသုံးနိုင်အောင် အသင့်သုံး အောက်ခြေအဆင့် JavaScript API တွေကို ထည့်ပေးထားတယ်။”

အနာဂတ်မှာ GWT အတွက် အဓိကထားပေးမယ့် ကိစ္စရပ်တွေထဲမှာ ပလက်ဖောင်းအတွက် ပိုမိုကောင်းမွန်တဲ့ အထောက်အကူတွေ ပါဝင်ပါတယ်။ GWT ဟာ လက်ရှိတော့ အထင်ကရ IDE အားလုံးနီးပါးကို အထောက်အပံ့ပြုပါတယ်။ ဒါပေမယ့် အလေးထားသင့်တဲ့ ဧရိယာတစ်ခုကတော့ Eclipse IDE မှာ open source ရေးသားရတဲ့ အလုပ်ကို ပိုမိုပြီး လွယ်ကူလာအောင် plug-in ရေးသားပေးဖို့ပါပဲ။ Google ဟာ ပိုမိုမြန်ဆန်တဲ့ code တွေထုတ်ပေးနိုင်အောင် compiler ကို အဆင့်မြှင့်ဖို့ အပါအ၀င် တခြားကိစ္စတွေကိုပါ ဆက်လက်ဆောင်ရွက်နေတယ်လို့ Johnson ရဲ့ ပြောစကားအရ သိရပါတယ်။

GWT ကို ကျယ်ကျယ်ပြန့်ပြန့် လက်ခံသုံးစွဲလာကြောင်းကိုလည်း Johnson က ဆိုပါတယ်။ “GWT ကို သုံးပြီးရေးသားတဲ့ application တွေရဲ့ အရည်အသွေးနဲ့ အောင်မြင်မှုကို တိုင်းတာပါတယ်” လို့ download တွေ သန်းချီလုပ်နေကြတဲ့ကြားက Johnson က ပြောတယ်။

Lombardi ဟာ Google ရဲ့ tool ကို သုံးပြီး စိတ်ဝင်စားစရာကောင်းတဲ့ နည်းပညာကို တည်ဆောက်နိုင်ခဲ့သူပါ။ Lombardi ဟာ သူတို့ရဲ့ ဖောက်သည်တွေကို စီးပွားရေးလုပ်ကိုင်နည်းတွေကို တိုးတက်ကောင်းမွန်အောင် လုပ်ရာမှာ အကူအညီပေးတဲ့ BPM (business process management) နည်းပညာနဲ့ ၀န်ဆောင်မှုတွေကို ပံ့ပိုးပေးပါတယ်။ Lombardi ရဲ့ ထုတ်ကုန်တွေဟာ open ဖြစ်တဲ့ စံချိန်စံညွှန်းတွေကို အခြေခံထားပြီး စီးပွားရေးဖြစ်စဉ်တွေကို အရေးပါမှုအဆင့်ခွဲခြားတာ၊ ကြိုတင်စီမံတာ၊ ကြည့်ရှုတာနဲ့ ထိန်းချုပ်တာတွေကို လုပ်နိုင်စေပါတယ်” လို့ ဒီကုမ္ပဏီရဲ့ စီနီယာ မားကတ်တင်း ဒါရိုက်တာ Wayne Snell က ပြောပါတယ်။

Snell က Lombardi မှာ GWT သုံးရခြင်းအကြောင်းကို ဒီလိုရှင်းပြပါတယ်။ “GWT က ကျွန်တော်တို့ရဲ့ အင်ဂျင်နီယာတွေကို ရှိပြီးသား Java အထောက်အကူတွေနဲ့ အရည်အချင်းတွေကိုသုံးပြီး အမှန်တကယ် အင်တာပရိုက် အဆင့်အတန်းမီတဲ့ Web 2.0 ဆော့ဖ်ဝဲတွေကို မြန်မြန်ဆန်ဆန် ရေးသားနိုင်စေပြီး အလွယ်တကူ ထိန်းသိမ်းနိုင်စေတဲ့ အကောင်းဆုံး ပလက်ဖောင်းပါ။”

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က Lombardi ဟာ BPM ဈေးကွက်အတွက် ထုတ်ကုန်အသစ်တစ်ခုကို စတင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီထုတ်ကုန်ဟာ သုံးစွဲရလွယ်တဲ့ စီးပွားရေးဖြစ်စဉ် မိုဒယ်လုပ်နည်းကို ၀ီကီဆန်ဆန် တွဲဖက်လုပ်ကိုင်နည်းနဲ့ ပေါင်းစပ်ပြီး ဖြစ်စဉ်တွေကို မှတ်တမ်းတင်နိုင်စေပါတယ်။ အဲဒီအချိန်က ဈေးကွက်မှာ လုပ်ရိုးလုပ်စဉ် client-server နည်းတွေနဲ့ ပြည့်နှက်နေပြီး သုံးစွဲသူတွေဟာ  ဆော့ဖ်ဝဲကို မိမိစက်ပေါ်မှာ သွင်းထားရသလို တခြားသုံးစွဲသူတွေနဲ့ တွဲပြီးအလုပ်လုပ်ချင်ရင် ဆာဗာတွေကိုလည်း ဆင်ထားရပါတယ်။

“ဒါနဲ့ ကျွန်တော်တို့ Lombardi Blueprint လို့ခေါ်တဲ့ ကမ္ဘာ့ပထမဆုံး Web 2.0 နည်းပညာသုံး စီးပွားရေးဖြစ်စဉ် မိုဒယ်လုပ်နည်း အထောက်အကူ ဆော့ဖ်ဝဲကို ဒီဇိုင်းထုတ်ခဲ့ပါတယ်” လို့ Snell က ဆိုတယ်။ “ကျွန်တော်တို့ လိုချင်ခဲ့တဲ့အရာတွေက အသုံးပြုသူအတွက် မြန်ဆန်ရမယ်၊ အသွားအပြန်ရှိရမယ်၊ စီးပွားရေးလုပ်ကိုင်နေသူ ဘယ်သူမဆို နားလည်နိုင်ရမယ်။”

Original

Advertisement

Tags: , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.